Powered By Blogger

Saturday, September 24, 2011

မိုးပြာဆိုသည်မှာ ဒီလိုပါ။



         
မိုးပြာဆိုသည်မှာ ဒီလိုပါ။

          လွန်ခဲ့သည့် နှစ်ပေါင်း ၂၅၀၀ - ကျော်က ဗုဒ္ဓမြတ်စွာ ဟောကြား တော်မူခဲ့သည့် တရားဓမ္မအပေါ် ကာလ၊ ဒေသ၊ အခြေအနေများအလိုက် သဘောပေါက်သိမြင်မှုများ ကွဲပြားလာခဲ့ရာ ယနေ့အခါ ဗုဒ္ဓဘာ သာလောကတွင် မဟာယာနဗုဒ္ဓဘာသာ၊ ထေရ၀ါဒဗုဒ္ဓ ဘာသာ၊ ဇင်ဗုဒ္ဓဘာသာ၊ တိဗက်လားမား ဗုဒ္ဓဘာ သာနှင့် ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ စသော ဗုဒ္ဓဘာသာအယူဝါဒကွဲများစွာ နိုင်ငံ အလိုက်၊ လူမျိုးအလိုက် အသီးသီး ဖြစ်ပေါ်လာကြပါသည်။
        အားလုံးသော ဗုဒ္ဓဘာသာဝါဒကွဲတို့သည် ဗုဒ္ဓဘုရားနှင့် ဗုဒ္ဓဟော ကြားတော်မူခဲ့သည့် တရားဓမ္မ များကို မိမိတို့ သဘောပေါက် သိမြင် မှုများအလိုက် ကျင့်သုံး၊ ဟောပြော၊ ပြသနေလျက် ရှိနေကြ ပါသည်။
             ဗုဒ္ဓ၏တပည့်ရဟန်းသံဃာများသည် ဗုဒ္ဓသတ်မှတ်ခဲ့သော အဆင်းဖျက် သင်္ကန်းအရောင်များကို လည်း ကာလ၊ ဒေသအလိုက်  အ၀ါ၊ နီညို၊ အပြာ၊ အနက် စသည်ဖြင့် ဆိုးခြယ်၍ 







         မြန်မာ၊ ယိုးဒယား၊ သီရိလင်္ကာ၊ လာအို၊ ကမ္ဘောဒီယားစသော ထေရ၀ါဒရဟန်းတော်များနှင့်  



            တိဗက် ရဟန်းတော်တို့သည် အ၀ါ၊ နီညို စသည့်အရောင် သင်္ကန်းများဝတ်ဆင်ပြီး၊ 




        တရုတ်မဟာယာန ရဟန်းတော်တို့သည် အ၀ါရောင်၊ အပြာရောင်သင်္ကန်းတို့ကို ၀တ်ဆင်ကြ ပါသည်။ 




          ဂျပန် နိုင်ငံ ဇင်ဗုဒ္ဓ ဘာသာ ရဟန်းတော်တို့သည် အပြာရောင်နှင့် အနက်ရောင် သင်္ကန်းတို့ကို ၀တ်ဆင်ကြပြီး  




ကိုးရီးယားမဟာယာန ရဟန်းတော်တို့က အပြာရောင်သင်္ကန်းကို ၀တ်ဆင်ကြပါသည်



      ဗုဒ္ဓမြတ်စွာ၏ အရိယသစ္စာကံအမြင်ကို ပြန်လည်ဖော်ထုတ်ဟောကြားကြသော မြန်မာနိုင်ငံရှိ ပစ္စုပ္ပန် ကမ္မ၀ါဒဗုဒ္ဓဘာသာရဟန်း တော်တို့သည်လည်း အပြာရောင်သင်္ကန်းကို ၀တ်ဆင်ခဲ့ကြပါသည်။

       ယခုအခါ မြန်မာနိုင်ငံတွင် ထေရ၀ါဒဗုဒ္ဓဘာသာ မဟာယာနဗုဒ္ဓဘာသာနှင့် ပစ္စုပ္ပန်ကမ္မ၀ါဒ ဗုဒ္ဓဘာသာ စသော ဗုဒ္ဓဘာသာဝါဒကွဲများဖြင့် ဗုဒ္ဓသာသနာထွန်းလင်းလျက်ရှိနေပါသည်။ ၎င်းဗုဒ္ဓဘာသာ ၀ါဒကွဲများထဲမှ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာက ၀တ်ဆင်သောအပြာရောင်သင်္ကန်းဝတ်ဆင်မှုကို ရည်ညွှန်းပြီး မိုးပြာဟု ၀ါဒကွဲများမှ ခေါ်ဆို သမုတ်ကြခြင်းဖြစ်သည်။


အဆိုပါ ပစ္စုပ္ပန်ကမ္မ၀ါဒဗုဒ္ဓဘာသာ (မိုးပြာ) ၏ တရားများကို လေ့လာလိုပါက
   
(ဗုဒ္ဓဘာသာဝါဒကွဲများနှိုင်းယှဉ်လေ့လာမှုစာတမ်းမှ)


No comments:

Post a Comment